မဟာအောင်မြေမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၁၆

မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ အောင်မြေဓမ္မာရုံ၌ အင်အား (၅၀) ဦး ခန့်ဖြင့်လည်းကောင်း၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ရှမ်းဝိုင်းဓမ္မာရုံ၌ အင်အား (၇၀) ဦး ခန့်ဖြင့် လည်းကောင်း၊  ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ရတနာကောသဓမ္မာရုံ၌ အင်အား (၅၀) ဦး ခန့်ဖြင့်လည်းကောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊  အဖွဲ့ဝင် (၁) ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် (၃) ဦးမောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်မြဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာချောချောနိုင်၊  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်မီးသတ် ဦးစီးဌာန ဒု-ဦးစီးမှူး ဦးစိုးမင်းကျော်၊ ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ပြီး အခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက်ရောက်လာသူများအနေဖြင့် ရပ်ကွက်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ တင်ပြပေးရန်  ဆွေးနွေးပြောကြားခြင်း၊ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အား အကျဉ်းချုပ် ရှင်းလင်းပြောကြားခြင်း၊ မီးဘေးအန္တရာယ် ဂရုပြုရန် ပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအား ရှင်းလင်း ပြောကြားခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိစေရေးနှင့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းရရှိပါက သတင်းပေပို့ရေး ဆွေးနွေးပြောကြား ခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအားအသေးစိတ် ချပြရှင်းလင်းခြင်း၊ အဖွဲ့ဝင် (၃) မှ နိုင်ငံသားများ မှတ်ပုံတင်ပြုလုပ်ရေး၊ ပုံစံ (၆၆/၆) များ ပြုလုပ်ရေးဆွေးနွေး ပြောကြားခြင်း၊ အဖွဲ့ဝင် (၁) မှ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးဆောင်ရွက်မည့် PR စနစ်နှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားခြင်း၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ချပြရှင်းလင်း ပြောကြားခဲ့ရာ  တက်ရောက်လာသည့်ပြည်သူများမှ လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း