မြစ်သား ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး(၅) ကြောင်းနှင့်ဒေသခံ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြစ်သားမြို့ ရှမ်းပွဲရပ်ကွက် ရှိဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ရှမ်းပွဲရပ်ကွက်နေ မသီတာမှ သမီးဖြစ်သူ(၇)တန်းကျောင်းသူမှာ မှတ်ပုံတင်ပြုလုပ်ရခြင်းမရှိသေးကြောင်း အိမ်ထောင်စုဇယားရှိ ဖခင်ဖြစ်သူနာမည်မှာ ကွဲလွဲနေပါ၍ မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲမရှိအဆင်ပြေဆောင်ရွက်ပေးစေလိုကြောင်း၊ ဦးအောင်ကျော်စိုးမှ ရှမ်းပွဲရပ်ကွက်ရှိ ကွက်သစ် ကြားလမ်းများအား ကျောက်လမ်းခင်းပေးစေလိုကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မြေနေရာရရှိစေလိုကြောင်း၊ ရှမ်းပွဲရပ်ကွက်ရှိ ဘုရားကွင်းအရှေ့ဘက် နေအိမ်တန်များရှေ့တွင် ရေဆိုးထုတ်မြောင်းမရှိသဖြင့် ရေဆိုးထုတ်မြောင်းတူးဖော်ပေး စေလိုကြောင်းနှင့်ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးချိတ်၊မီးကပ်များ စစ်ဆေး ဆောင် ရွက်ပေးစေလိုကြောင်း အသီးသီးဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ထို့နောက် မြစ်သားမြို့ရဲစခန်းမှ (ဒုရဲမှူး) ဦးဇော်ဝမ်းက တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှုမခံရစေရေး အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးအေးမှလာမည့် ၂၀၂၃ခုနှစ်၌ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် PR စနစ်ကျင့်သုံးမည့် အခြေအနေများရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်လဝက ဦးစီးမှူး ဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားများ ပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအနေဖြင့် ကိုယ်တိုင်လာရောက်တွေ့ဆုံကာဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရှိန်းသူမှလိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)