ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကျင်းပပေးရခြင်းရည်ရွယ်ချက်၊ လွတ်လပ်ရေးနေ့သမိုင်းကြောင်းနှင့် လွတ်လပ်ရေး သစ္စာအဓိဌာန်(၉)ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းသိကောင်းစရာ၊ လွတ်လပ်ရေးဆိုသည့် အဓိပ္ပာယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်ကြမည်စသည့် သိကောင်းစရာ ဗဟုသုတရဖွယ် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သိမှတ်ဖွယ်ရာ သုတရသ စာပေးများကိုခင်းကျင်းပြသမိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း(သဲတော)မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကာ ခင်းကျင်းပြသထားသော  (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြ၊ ဓာတ်ပုံပွဲနှင့် စာအုပ်စာစောင်ပြပွဲကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်