ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လူမှုဘဝများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်ကွက်/ကျေးရွာအုပ်စုများတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ၂၀၂၂-ခု ဩဂုတ်(၁၉)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ(၁၅)ရက်နံနက်(၈)နာရီခွဲက ကတဲကျေးရွာနှင့် တံစိုးကျေးရွာများရှိ ကျေးလက်နေပြည်သူများ လူမှု့ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးသွင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းပြီး ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသွင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး အခြေ အနေများအား လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မြေပြင်လူဦးရေကောက်ယူနိုင်ရေးအကြောင်းများကို လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ဦးစီးမှူးက နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများအား နိုင်ငံသားကတ်များ ပြုလုပ်ပေးနေမှု အခြေအနေများ၊ အိမ်ထောင်စုပုံစံ (၆၆/၆) ပြုလုပ်ခြင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ အခြေခ့ပညာကျောင်းများဖွင့်လှစ်နိုင်မှု၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး၊ မိဘ/ဆရာဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ရေးများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကိုလည်ကောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စိုက်ပျိုးသီးနှံများ ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆိုင်ရာများကိုလည်း ကောင်း၊ တိမွေးကုဌာနမှ ဒုတိယဦးစီးမှူးက ကျွဲနွားတိရိစ္ဆာန်များအား ကူးစက်ရောဂါများအားမဖြစ်ပွားစေရေး ကိစ္စရပ်များကိုလည် းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေးပေးဝေမှုများနှင့်ချောင်းမြောင်းများအတွင်း အမှိုက်မစွန့်ပစ်ရေး၊ ရေခွန်များ ပေးနိုင်ရေး စသည့်အကြောင်း အကြောင်းအရာများကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်လျှပ်စစ်ရုံးတို့မှ ပြည်သူများအတွက် လုပ်ဆောင်ပေးနေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းနှင့် ပြည်သူများက ပြန်လည်လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအကြောင်း အပြန် အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးသွင်က ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်မောင်