မုဒုံ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့ခပုံကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ တံတားလေးစင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တံတားလေးစင်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီစေရန်၊ ဒေသခံကျေးလက်နေ ပြည်သူများ ရေရှည်အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တံတားအရှည် ၆ ပေ၊ အကျယ် ၂၀ ပေ ၊ အမြင့် ၄ ပေကို မွမ်းမံပြည်ထောင်စုရန်ပုံငွေ ၁၉ ဒသမ ၂ ကျပ်သန်းဖြင့် ဌာနမှတာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများနှင့် တောင်သူ ၂၃၀ ဦး၏ စိုက်ပျိုးလယ်မြေဧက ၁၀၀၀ ဧကအတွက် ရာသီမရွေးအဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာစိုက်ခင်းများမှထွက်ရှိသော သီးနှံထုတ်ကုန်များကိုဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
သားငယ် (ပြန်/ဆက်)