လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စိန်ရတုလွတ်လပ်​ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)  တွင် ယမန်နေ့ညနေပိုင်းက (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က လွတ်လပ်ခြင်း၏ အရသာ၊ လွတ်လပ်ရေးဆိုသည်မှာ၊ နယ်ချဲ့တို့၏ ကျူးကျော်စစ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း စသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ ဆက်)