ကျောက်မဲ စက်တင်ဘာလ ၂၂ ရက်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ( တတိယအကြိမ်) အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား များအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ်နှစ်သောင်းနှုန်းဖြင့် ကျောက်မဲမြို့၊ ရပ်ကွက် ၆ အတွင်းရှိ အိမ်ထောင်စု ၂၄ စုအတွက် ထောက်ပံ့ခဲ့သည့်ငွေ များကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သက်ဆိုင်ရာပြည်သူများထံ ယနေ့နံနက် ၁၀ နာရီအချိန်က ၆ ရပ်ကွက်ရုံး၌ ပြန်လည်ထုတ်ပေးခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ပေါင်း ၅၀၅၀ စုအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ခဲ့သည့် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ စက်တင်ဘာလ ၁၈ ရက်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ပြည်သူ့လက်ဝယ်အရောက် ပြန်လည်ထုတ်ပေး ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအား အခြေခံ စားသောက်ကုန် ၅ မျိုး ကိုတစ်ကြိမ်၊ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၃ ကြိမ် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်ဆက်)