ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာရေးဆရာ ခင်မောင်ညို (ဘောဂ​​​​ဗေဒ)၏ ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပင်လုံ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁)နာရီခွဲ အချိန်ကစာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)ရေးသားသည့် ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမိန့်ပေးတာမည်သူမျှမခံချင် ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူ ကျောင်းသား/ ကျောင်းသူလူငယ်များအဖွဲ့မှ စိုင်းလျန်လျှန်းက လူတိုင်းအကြိုက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းယမုံလွင်မှ ကိုယ့်အကြောင်းကိုသိအောင်လုပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းဖွေးမှ မိမိအမှားကိုအရင်ဆုံးဝန်ခံပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး ၎င်းစာအုပ်မှရရှိသည့် အကျိုးကျေးဇူးများကို အပြန်အလှန်မေးမြန်းဆွေးနွေးကာ အသိပညာဗဟုသုတများကို မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)