လွိုင်လင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အခြေခံသင်တန်း ဖွင့်

လွိုင်လင် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(၁/၂၀၂၂)ကို လွိုင်လင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)၌ ယနေ့နံနက် (၉)နာရီက  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်ကြောင်း သိရသည်။

အစီအစဉ်အရ ရှေးဦးစွာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါသင်းမြတ်ရည်ဝင်းက သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ စိတ်ဝင်စားသည့် ပြည်သူများစုစုပေါင်း (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)