အမရပူရမြို့၊ တောင်ကြီးရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊  အမရ ပူရမြို့ နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပ ဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါ ဝင်သောစစ်ကြောင်းကြီး၅ကြောင်းနှင့် တောင်ကြီးရပ် ကွက် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်အဆိုပါရပ်ကွက်ရှိ ရွှေရင်းရဲဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ ဝင်(၁)-ဗိုလ်မှူးကျော်တေဇက ဒေသခံပြည် သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီးလက်ရှိနိုင်ငံရေး အခြေအနေများကိုရှင်းလင်းပြောကြားသည်။ ထို့နောက်အတွင်းရေးမှူး၊ မြို့နယ်ရဲမှူး၊ ရဲမှူး မျိုးလွင်အောင်က လုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်ကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့နယ်ကော်မရှင်ဦးစီးအရာရှိ ဒေါ်နန်းအေးအေးစိုးကအကျယ်တဝင့်ရှင်း လင်းပြောကြားခဲ့သည်။ PR စနစ်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်၁ဗိုလ်မှူးကျော်တေဇကပြည်သူများသိရှိရန်ဖြည့်စွတ်ဆွေးနွေးပြီး  ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ တင်ပြကြရန်ပြောကြားခဲ့သည်။ တက်ရောက်လာသူများက မှတ်ပုံတင်ကိစ္စ၊ လုပ်ငန်းမီတာကိစ္စရပ်များ၊ မီတခကြွေးကျန်ကိစ္စများကို တင်ပြကြရာ သက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသောပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆန်တစ်ပြည်အိတ်(၂၄)အိတ်ဆီနှစ်ဆယ့် ကျပ်သားဘူး(၂၀)ဘူး၊ ခေါက်ဆွဲခြောက်ထုပ်များကို တက်ရောက်လာသည့်ပြည်သူများအား မဲဖောက်၍ရရာပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)