မိုးမောက် ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော (စိုက်ပျိုးရေး) မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအား ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မိုးမောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇင်မောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတောက်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းဆိုင်ရာအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှု ကော်မတီမှ ဒေါ့ဖုန်းယန်မြို့ ၊ သိန်လုံကျေးရွာ ကော်မတီထံသို့ စိုက်ပျိုးရေး တောင်သူ (၁၁၅)ဦးအတွက် ချေးငွေရန်ပုံငွေကျပ်သိန်း(၆၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်းသိရှိရသည်။
လွန်းနန်းထွေး