ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်စည်ပင်သာယာ ကော်မတီသို့ ပေးအပ်ခဲ့သော (mask) နှာခေါင်းစည်းများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်း အချိန်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ရတနာဈေး၊ ဂဖူးကွေ့ဈေး၊ စံပြဈေး၊ ကျွန်းတော ယာယီဈေးတို့တွင် Mask များ အခမဲ့ပေးဝေခဲ့ပြီး Mask တပ်ဆင်ကြစေရေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)