မြစ်သား ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ်ကလေးငယ်များနေ့ထူးနေ့မြတ်များ၏ သမိုင်းကြောင်းများကိုသိရှိစေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာ ရှိ ဒေါ်သီတာအောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းအကျဥ်း၊ မြန်မာ့လွတ်လပ်ရေးကာလတစ် လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းနှင့် မောင်နေလရေးသားသော မြန်မာအမည်ကမ္ဘာတည်ရန် ကဗျာကိုရွတ်ဆိုပြခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲသို့ မြို့မအနောက် အ.မ.က(မူလွန်)နှင့် ပေတောအ.မ.က ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှေ့တွင် ခင်းကျင်းပြသထားသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အကြို အထိမ်းအမှတ်နံရံကပ်စာစောင်ကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)