သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ

သာစည် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်   လူအများရှေ့  စကားပြောဆိုရာ၌  ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊  စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီး   ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  ဒုတိယအကြိမ်မြောက် လူငယ်စကားဝိုင်းကို  ယနေ့နံနက် ၉ နာရီက သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား  ပြောကြားသည်။   ထို့နောက်မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်ပြီး  လူငယ်စကားဝိုင်းကို စတင်ရာ  အစီအစဉ်တင်ဆက်သူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းက ဆောင်ရွက်ပြီး    အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade 11 မှ ကျောင်းသူမအိမ့်သန္တာမင်းက  လူငယ်နှင့်ပညာရေး၊  Grade 11 မှ မသဒ္ဒါမြတ်နိုးက လူငယ်နှင့်ကျန်းမာရေး၊ Grade10 မှမောင်ထွဋ်နေက လူငယ်နှင့်စာဖတ်ခြင်း၊ Grade 10 မှ မဖြိုးဝေနှင်းက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade11 မှမောင်လင်းမြတ်အောင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း   အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့်    ကျောင်းသား/သူများက ဆွေးနွေးမှုခေါင်းစဉ်များနှင့် ပတ်သက်ပြီး မိမိတို့အတွေးအမြင်များကို ပြန်လည်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ   လူငယ်စကားဝိုင်းသို့    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)