တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

တောင်ကုတ်   ဒီဇင်ဘာ   ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ရာတွင် ဒုတိယဦးစီးမှူး ဒေါ်သန်းနုက ကျောင်းသား/ကျောင်းသူ လူငယ်များ၏ ဖန်တီးမှုစွမ်းရည်နှင့်အတွေးအမြင်များ မြင့်မားလာစေရေးအတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အပ်နဖါးထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အခြေခံပညာအလယ်တန်းကျောင်းမှ Grade-5 နှင့် Grade-4 အတန်းများမှ ကျောင်းသား/ကျောင်းသူ (၂၅)ဦးမှဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များသို့ ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်