ဝမ်းတွင်းမြို့နယ်တွင် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

ဝမ်းတွင်း  ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ဝမ်းတွင်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသားကျောင်းသူများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံမှစိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောခဲ့သည်။ ထို့နောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ မီးတာ(၁၀၀)အပြေးပြိုင်ပွဲ ကျား/မ ၊မီတာ(၁၀၀)အာလူးကောက် ကျား/မ၊ မီတာ(၁၀၀)အိပ်စွတ်ပြေး ကျား/မ
မီတာ(၁၀၀)ဗန်းရွက်ကျား/မ စသည့် အားကစား အမျိုးအစားများကို Grade-5၊ Grade-6၊ Grade-7 မှ ကျောင်းသား/ကျောင်းသူ(၈၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)