တောင်ကုတ်မြို့၌(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကုတ်   ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ် းအနားကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်းအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။  

ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာဓိဌာန် ပြုကြသည်။ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန က အေရိုးဗစ်ကစားနည်းဖြင့် သရုပ်ပြပြီးနောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသား ပိုက် ကျော်ခြင်းပြိုင်ပွဲနှင့်ဂျပန်ဂိုး ကျဉ်းဘောလုံးပြိုင်ပွဲများကို ကျင်းပရာ ကြည့်ရှုအားပေးသူပရိတ်များဖြင့် အထူးစည်ကားခဲ့ကြောင်းသိရသည်။

(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပရေးကော်မတီအနေဖြင့် အားကစားပြိုင်ပွဲများအဖြစ် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပွဲ နှင့်ချောတိုင်တက်ပွဲများကို ကျင်းပသွားမည်ဖြစ်သည့်အပြင် အခြားပျော်ပွဲရွှင်ပွဲ များကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှသိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်