နမ္မတူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

နမ္မတူ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ရှောင်ရှားသင့်သည့်နည်းလမ်းများ၊ မီးလောင်မှုဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မီးငြိမ်းပြီးပါကပြုလုပ်သင့်သည့် အချက်များနှင့် မီးလောင်မှုဖြစ်ပွားတတ်တဲ့ပုံစံများအလိုက် မီးငြှိမ်းသတ်သည့်နည်းလမ်းများ စသည့်အကြောင်းအရာများပါဝင်ပြီး အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး မြို့နယ်ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)