ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ အပါအဝင် လူဦးရေ( ၄၄၄၇၃၇) ဦး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်များအဖြစ် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအထိ အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ အပါအဝင် လူဦးရေ(၄၄၄၇၃၇)ဦး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများထိုးပေးရာတွင် လွှမ်ခြုံမှုရှိစေရေး၊ သတ်မှတ်ရက်၊ သတ်မှတ်နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့်  ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ နယ်မြေများများမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး ပထမအကြိမ်တွင်(၂၁၁၄၅၂)ဦး၊ ဒုတိယအကြိမ်တွင်(၁၉၂၁၈၈)ဦး၊ တတိယ အကြိမ်တွင်(၃၆၆၅၂)ဦး၊ စတုတ္ထအကြိမ်တွင်(၄၄၄၅)ဦး စုစုပေါင်း(၄၄၄၇၃၇)ဦး ထိုးနှံပေးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော သူများအတွက်  သတ်မှတ်ကာလ၊ သတ်မှတ်နေရာများတွင် လာရောက်ထိုးနှံကြရန် ရပ်ကွက်/ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)