ပုဇွန်တောင်မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် ရပ်ကွက်များအတွင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဇွန်တောင် ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ရပ်ကွက်များအတွင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဆောင်ရွက်ရခြင်းနှင့် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သင်တန်းပေးဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍  အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ကဏ္ဍအလိုက် အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ် (ပြန်/ ဆက်)