(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကာယဗလမောင်ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကာယဗလမောင်ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ         ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စိတ်ပျော်ရွှင်တက်ကြွလန်းဆန်းစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက် မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကာယဗလမောင်ပြိုင်ပွဲ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များကို တာဝန်ရှိသူများက ဆုများနှင့် ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။       

သားငယ် (ပုဗ္ဗသီရိ )