ပင်လောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ကျောင်းသား အားကစားပွဲတော်အတွက် မြို့နယ်အဆင့်ကစားသမားများ ရွေးချယ်

ပင်လောင်း  ဒီဇင်ဘာ 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကျောင်းသားအားကစားပွဲတော် ကျင်းပပြုလုပ်မည်ဖြစ်ရာ ခရိုင်အဆင့် အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် လူရွေးချယ်ရေး လုပ်ငန်းများကို  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် လူရွေးချယ်မှုများပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းပေါင်းစုံအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းဖြစ်သည့်  ပိုက်ကျော်ခြင်း(ကျား)၊ ဘော်လီဘော(ကျား/မ)၊ ပြေးခုန်ပစ်(ကျား/မ)၊ လှံတံ ပစ်(ကျား/မ)၊ သံလုံး/သံပြားပစ် (ကျား၊မ)၊ အလျားခုန်(ကျား၊မ)၊ အမြင့်ခုန်(ကျား/မ) အပြေးပြိုင်ပွဲတွင် မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀၊ ၃၀၀၀ နှင့် ၁၀၀×၄၊ ၈၀၀×၄)ကစားနည်းများဖြင့် လူရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အားကစားနည်းကဏ္ဍအသီးသီးတွင် ရွေးချယ်ခံရသူများသည် ခရိုင်အဆင့်လူရွေးချယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။  

ခွန်အာကာစိုး

ပင်လောင်း