(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကျင်းပ

 မိုင်းယန်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဟော်ကန် ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ အားကစားသမားများမှ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် အားကစားဓိဌာန် (၄) ချက် ရွတ်ဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးကျော်ဇင်က ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲ ကျင်းပရေးကော်မတီက သတ်မှတ်ထားတဲ့စည်းကမ်းချက်များကို လိုက်နာရမှာဖြစ်ပြီး အားကစားသမားများအနေနဲ့ မိမိကိုယ်တိုင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ဖို့ လိုအပ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ အထက(မိုင်းယန်း)နှင့် အလက(ဈေးတန်း)ကျောင်းတို့မှ ကျောင်းသူလေးများက Fitness Dance အကဖြင့် ကပြဖျော်ဖြေပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါကန်ဘောလုံးအသင်းနှင့် Old Star အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း(၁၂)သင်းပါဝင်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)