ပင်းတယ ဒီဇင်ဘာ ၁၄
၂၀၂၂ခုနှစ် ၊ တောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်း (ပထမ) ဆုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြေးခုန်ပစ်အသင်းမှ ဆွတ်ခူးရရှိခဲ့ကြောင်းသိရှိရသည်။
အဆိုပါအားကစားပြိုင်ပွဲအား ၁၀-၁၂-၂၀၂၂ ရက်နေ့မှ ၁၂-၁၂-၂၀၂၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၎င်းအားကစားပြိုင်ပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြေးခုန်ပစ် အသင်းမှ ကျားတံခွန်စိုက်ဒိုင်း(ပထမ)ဆု၊ မ တံခွန်စိုက်ဒိုင်း(ပထမ)ဆု၊ ရွှေ ၁၃ ခု၊ငွေ ၇ ခု၊ ကြေး ၈ ခု ရရှိခဲ့ကြောင်းနှင့် အသင်းအုပ်ချုပ်သူနည်းပြ ၅ ဦးတို့မှ ဦးဆောင်၍ ကျား ၉ ဦး၊ မ ၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ပင်းတယမြို့ အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်ထံမှ သိရှိရသည်။
အောင်ကိုဦး(ပြန်/ဆက်)