ဂွ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ရုံးဌာနများနှင့် စာသင်ကျောင်းများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ ရသ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို တစ်ပတ်လျှင်တစ်ရက်ငှားရမ်းပေးပြီး တစ်ပတ်ပြည့်လျှင် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့်စနစ်ဖြင့် (အခမဲ့) ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေရည်ဝင်းကျော်