မြင်းခြံ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁)နာရီအချိန်ခန့်က အနိမ့်ကျေးရွာ တိုက်ကျောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းလင်းအောင်က ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာများကိုလည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ကျေးရွာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို မိမိတို့ဌာနအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ သာပေါင်းကျေးရွာအုပ်စု၊ အိုင့်မကျေးရွာအုပ်စုနှင့် တလုပ်မြို့ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ စုစုပေါင်း (၂၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ