ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြုစနစ်အကြောင်းရှင်းလင်းဆွေးနွေး

ပျော်ဘွယ် ဒီဇင်ဘာ ၁၄

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြု စနစ်အကြောင်းသိရှိနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ဖက်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပေးမည့် အခြေအနေများကိုရှင်းလင်းဆွေး နွေးပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့ သို့ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လာရောက်ခြင်းဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၉)ခုမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူ လူထုနှင့်ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းဆွေးကြပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာခိုင်က ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြုစနစ်အကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများက ကျေးရွာအတွင်းဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့်လုပ်ငန်းများကိုဆောင် ရွက်ပေးနိုင်ရန်ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန်လိုအပ်နေသည့် နေရာများသို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)