ဒဂုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဒဂုံ    ဒီဇင်ဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့်စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်မေသန္တာက ပြည်သူ့နီတိစာအုပ်ပါ လိုက်နာကျင့်သုံးသင့်သော အလေ့အထကောင်းများ၊ လူငယ်များအတွက် စည်းကမ်းများ၊ လူနေမှုအကျင့်စရိုက်များအား သိရှိလေးစားလိုက်နာကြရန်နှင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ကြိုးပမ်းခဲ့ကြပုံများ၊ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်မှုများကို သိရှိကြရန်စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ဒဂုံမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြည်သူ့နီတိစာအုပ်နှင့်မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ထိန်းသိမ်းမှုသမိုင်းစာအုပ်ပါခေါင်းစဉ်အလိုက် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ကြည်ဇေသော်