မရမ်းကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၁ နာရီက မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မရမ်းကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦးတင်ဇော်ဇော်အောင်ကကလေးသူငယ် အခွင့်အရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်စေရန်နှင့် ကာကွယ်စောက်ရှောက်ရန်၊ အခြေခံမူ(၄)ရပ်အား ရှင်းလင်းပြောကြားကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မရမ်းကုန်းမြို့နယ်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်နှင်းအဉ္ဇလီ ခရိုင်လူမှုဝန်ထမ်းရုံးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအားရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်အသီးသီးက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် မရမ်းကုန်းမြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)