ပုသိမ်ကြီး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ မြတ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်က မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် အဖွင့်အမှာစကားပြောကြားပြီး၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၉)ဦး တက်ရောက်ခွင့်ရရှိခဲ့ကြသည်။
အခမ်းအနားသို့ ဆေးတက္ကသိုလ်နှင့် နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးဘက်ဆိုင်ရာတို့မှ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး၊ ဆေးတက္ကသိုလ်နှင့် နှီးနွယ်တက္ကသိုလ်များဖြစ်သည့် မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်၊ ဆေးဝါးတက္ကသိုလ်မန္တလေး ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းမေစော၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းတို့မှ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို