အမရပူရမြို့လေးစုရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၏အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ ဝင်သောစစ်ကြောင်းကြီး၅ကြောင်းနှင့် လေးစုရပ်ကွက်ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ နန်းမတော်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့ပြီးတွေ့ဆုံပွဲ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  လာမည့်ရွေး ကောက်တွင်ကျင့်သုံးမည့် PR စနစ်ကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိစေရန် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ အသေးစားလုပ်ငန်းများနှင့်ပတ်သက်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ရပ်ကွက်နေအသေးစား လုပ်ငန်းရှင်များအတွက် ချေးငွေကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့​သည်။ တက်ရောက်လာသူများမှ မှတ်ပုံတင်ကိစ္စရပ်များ၊ အိမ်ထောင်စု စာရင်းကိစ္စများ၊ ခိုးဆိုးလုနှိုက်ကိစ္စများကို တင်ပြကြရာ သက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်၁ဗိုလ်မှူး ကျော်တေဇက လက်ရှိနိုင်ငံရေးအခြေအနေများကို ဖြည့်စွတ်ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကဆန်တစ်ပြ​ည်အိတ်၊ ၂၄အိတ်၊ ဆီ၂၅ကျပ်သား၂၀ ဘူးနှင့်ခေါက်ဆွဲခြောက်ထုပ်များကို တက်ရောက်လာသူ များကို မဲနှိုက်ပြီးပေးဝေခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)