ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြည်သူများအားကိုးအားထားပြုနိုင်သည့် စာကြည့်တိုက်ဖြစ်စေရေး၊ စာအုပ်စာစောင်များ စနစ်တကျငှားရမ်း၊ ထားသိုဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ ယနေ့မွန်းလွဲ :၀၀ နာရီက ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရန်ကင်းမြို့၊ အမှတ်()ရပ်ကွက်၊ မြို့မစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်အိရွှေစင်က ဖွင့်လှစ်ပြီးသည့် ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးပြီးဖြစ်ကြောင်း၊ ထပ်မံကူညီပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရရှိပြီးစာအုပ်စာစောင်များကိုလည်း မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်တို့ဖြင့် ဆောင်ရွက်ကြစေလိုကြောင်းနှင့် စာငှား၊ စာဖတ်တိုးပွားမှုရရှိအောင် စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ရန်ကင်းမြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ယခုကဲ့သို့ လှူဒါန်းပေးမှု၊ ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး၊ မြို့မစာကြည့်တိုက်နှင့် ရန်ကင်းဂုဏ်ရည် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို :၁၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)