ရန်ကုန် ဒီဇင်ဘာ ၁၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးအား ဒုတိယအကြိမ်အဖြစ် Covid Fighter ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းမှကင်းဝေးပြီး ကျန်းမာစွာပညာသင်ကြားနိုင်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း အခြေခံပညာကျောင်းများတွင် ထပ်ဆောင်းထိုးနှံပေးခြင်းများကိုလည်း သတ်မှတ်အချိန်ကာလများတွင် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)