ရွှေကူမြို့ ရှမ်းကုန်း အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်

ရွှေကူ ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိ ပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ နယ်လှည့် အသိပညာပေး စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁) ရပ်ကွက်၊ ရှမ်းကုန်း အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ကျောင်းသား၊ ကျောင်းသူများအား  အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်လိုကြောင်း၊ စာဖတ်သည့် အ‌လေ့အကျင့်များကို မွေးမြူရန်လို ကြောင်း၊ စာကိုထိရောက်စွာ ရေးနိုင်ဖတ်နိုင်စေရန် ကြိုးစားသင်ယူ၍ ဉာဏ်အမြော်အမြင်ဖြင့် ပြည့်စုံ

သည့် လူ တော်လူကောင်းများ ဖြစ်လာစေရန် ပျင်းရိခြင်းမရှိဘဲ လေ့လာသင်ယူကြရန် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက်  စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကလေး အလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးစသည့်  နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ပြသခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)