သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် “မောင်မယ်သစ်လွင်” ကြိုဆိုပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမတွင် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း “ မောင်မယ်သစ်လွင် ” ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့  နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်မှ အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသား/ ကျောင်းသူများက သီချင်းသရုပ်ဖော်များဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ သူ စုစုပေါင်း(၃၀၀)ဦးတက်ရောက်ကြကြောင်း သိရှိရသည်။

ဝါဝါ(ပြန်/ ဆက်)