မန္တလေး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲတွင် (Skills Training Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) ကျောင်းအုပ်ကြီးဦးဝင်းမင်းစိုးက သင်တန်းပို့ချမှုနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။ အဆိုပါသင်တန်းကို (၄)ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်သန်း