ညောင်ဦးမြို့နှင့်ပုဂံမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေး

ညောင်ဦး  ဒီဇင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီ များကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ညောင်ဦးမြို့နှင့်ပုဂံမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက် တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၅၅၀ ကျပ်နှုန်း ဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ပြီး ညောင်ဦးမြို့၊ အမှတ်(၄)ဆုံကုန်းရပ် မဏိစည်သူဈေးအနီး၊ ပုဂံမြို့ပုဂံဈေးသစ်ကြီးအနီးတို့တွင် Mobile ကားဖြင့်လိုက်လံ ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊  စားအုန်းဆီပိဿာချိန် ၂၇၅၂ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ