(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများပြုလုပ်

ညောင်ဦး  ဒီဇင်ဘာ  ၁၃

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံမှတ်တမ်းပြပွဲ များကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၁ နာရီက ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြဘုတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြသော ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ် တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမား ပပျောက်ရေးနံရံကပ်ပြဘုတ်များ၊ လွတ်လပ်ရေးနှင့် သက်ဆိုင်သည့် စာအုပ်စာပေ ပြသခြင်းများ ပြသပေးခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ အလံတော်တင် အခမ်းအနားပြုလုပ်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်းဆောင်များ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ အားပြသပေးခဲ့ခြင်း ဖြစ်ကြောင်း ကြည့်ရှုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒေါ်သူဇာစိုး (ဦးစီးအရာရှိ) က ကျောင်းသား၊ ကျောင်းသူများသိရှိလိုသည်များ မေးမြန်းချက်ကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ