ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့ ၁၅:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။   

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲမှူးတင်ထွန်းနိုင်က တက်ရောက်လာသူများအား အသင်းအဖွဲ့ဥပဒေဆိုင်ရာများကို  power point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော အသင်းအဖွဲ့များမှ ၎င်းတို့သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ 

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းလတ်ပိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်းထွန်းနိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ (မြို့နယ်ပြန်/ဆက်)