ကျောက်ဆည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီခွဲက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ကလေးသူငယ်၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကလေးသူငယ်ဆိုင်ရာလုပ်ငန်း အစီအစဉ်များ တိုးတက်မှုအခြေအနေများကို အခါအားလျော်စွာသုံးသပ်၍ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ တင်ပြနိုင်ရေး၊ ကလေးသူငယ်များ ပစ်မှုမကျူးလွန်စေရန်အတွက် ကြိုတင်ကာကွယ်သည့် အစီအမံများကို ကော်မတီအစည်းအဝေးဖြင့် ချမှတ် ဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ သင်တန်းကျောင်း များနှင့် သက်ဆိုင်ရာမြို့နယ်အတွင်း ကလေးမွေးစားခြင်းကိစ္စများ၊ ကလေးသူငယ်များအား အကြမ်းဖက်မှုနှင့်ပတ်သတ်၍ တစ်စုံတစ်ရာရှိပါက ကော်မတီအစည်းအဝေး အမြန်ခေါ်ယူ ဖြေရှင်း ဆောင်ရွက်သွားနိုင်ရေး စသည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်များနှင့်ပတ်သတ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အို များဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်း လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့စည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက မိမိတို့၏ ဌာန/ အဖွဲ့များမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများအကြောင်း အသီးသီးဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)