ရွှေပြည်သာမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်စကားဝိုင်းကျင်းပ

ရွှေပြည်သာ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များအသိပညာ၊ အတတ်ပညာများဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့်ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့်အလေ့အကျင့်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘဝသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက ဘဝသစ်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ပြီးလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဘဝသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတာဝန်ခံဆရာမဒေါ်ယုမွန်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍လူငယ်စကားဝိုင်းကို ကျင်းပရာဦးဆောင်ဆွေးနွေးသူများအဖြစ် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်နှင့် ဘဝသစ်ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ခံဆရာမဒေါ်ယုမွန်တို့က ပါဝင်ဆောင်ရွက်ခဲ့ပြီး ဘဝသစ်ကိုယ်ပိုင်အထက်တန်းကျောင်း(Grade-10)မှ မဆုရတနာက လူငယ်နှင့်စာပေ၊ (Grade-11)မှ မယွန်းဝသာန်က လူငယ်နှင့်ယဉ်ကျေးမှု၊(Grade-9)မှ မအိသီရိအောင်ကလူငယ်နှင့်ပညာရေး၊ (Grade-9)မှ မအိသဒ္ဒါက လူငယ်နှင့်ကျန်းမာရေး၊ (Grade-9)မှ မောင်သုတဇော်ကလူငယ်နှင့်အားကစား၊ (Grade-10)မှ မောင်မင်းသုတကလူငယ်နှင့်နည်းပညာစသည့် ခေါင်းစဉ်အလိုက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူများကသိရှိလိုသည်များကိုမေးမြန်းကြရာ ဆွေးနွေးသူများပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါလူငယ်စကားဝိုင်းသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်များ၊ အသိပညာပေးနံရံကပ်စောင်များကို စိတ်ဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)