ဆီဆိုင် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား အားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံလူရွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ လူရွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၈ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲများမှာ ကျား/မ ဘောလုံးပြိုင်ပွဲ၊ ကျား/မ ဘောလီဘောပြိုင်ပွဲ၊ ကျား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကျား/မ ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲများဖြစ်ပြီး ဘောလုံးပြိုင်ပွဲတွင် ကျား(၁၁)ဦး၊ မ(၁၁)ဦး၊ ဘောလီဘောပြိုင်ပွဲတွင် ကျား(၆)ဦး၊ မ(၆)ဦး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျား(၃)ဦးနှင့် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲတွင် ကျား(၇)ဦး၊ မ(၇)ဦးတို့ ရွေးချယ်ခံရကြောင်း သိရသည်။ အဆိုပါ အားကစားပြိုင်ပွဲများတွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခရိုင်အဆင့်၌ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)