ဝမ်းတွင်း ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုနယ် အမှတ်(၆၀)စက်မှုလယ်ယာစခန်းတွင် စက်ကိရိယာမောင်းနှင် ထိန်သိမ်းခြင်းနှင့် စပါးရိတ်စက်၊ ကောက်စိုက်စက်အသုံးပြုနည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ကိရိယာမောင်းနှင်ထိန်သိမ်းခြင်းနှင့် စပါးရိတ်စက်၊ ကောက်စိုက်စက်အသုံးပြုနည်းသင်တန်းတွင် ဒုတိယခရိုင်ဦးစီးဌာနမှူးဦးကိုကိုနိုင်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင်ပို့ချပေးမည့် သင်ခန်းစာဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၆၀)စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဝင်းက စက်မှုလယ်ယာသမိုင်းကြောင်းနှင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြိုနယ်ဦးစီးဌာနမှူး ဦးချမ်းမြဇော်(သာစည်)မှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာများ စက်ကိရိယာဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အမှတ်(၆၀)စက်မှုလယ်ယာစခန်းတွင်ဖွင့်လှစ်သော စက်ကိရိယာမောင်းနှင် ထိန်သိမ်းခြင်းနှင့်စပါးရိတ်စက်၊ ကောက်စိုက်စက် အသုံးပြုနည်းသင်တန်းကို မြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူ(၃၂)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ(၁၂.၁၂.၂၀၂၂မှ ၂၃.၁၂.၂၀၂၂)နေ့ထိ(၂)ပတ်ကြာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်