ဥတ္တရသီရိ ဒီဇင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါစာကြည့် တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် ဉာဏစွမ်းရည်ဖွံဖြိုးတိုးတက် စေရေးအတွက် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြာင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရင်သွေးပျိုးခင်း ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အောင်ဆန်းဇာနည်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းပိတ်ရက်ခရီးသည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကြယ်နှင့်လ ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့် ဆရာမများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂိမ်းကစားခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)