ကျောက်မဲမြို့တွင် မြို့နယ်အဆင့် ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ လူရွေးပွဲကျင်းပ

ကျောက်မဲ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပညာရေးဌာနမှကြီးမှူး၍ ‌မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ လူရွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ လူရွေးပွဲကို မြို့ပေါ်ကျောင်းများမှ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ အဆိုပါပြိုင်ပွဲမှ အကောင်းဆုံးကစားသမား ၃ ဦးကို ရွေးချယ်ပြီး အသင်းတစ်သင်းဖွဲ့စည်း၍ ခရိုင်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်အဆင့် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ကျောက်မဲခရိုင် အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး သီပေါမြို့နယ်နင့် နောင်ချိုမြို့နယ်တို့မှ အသင်းများလည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)