မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်စကားဝိုင်းပြုလုပ်ကျင်းပ

မြောက်ဥက္ကလာပ  ဒီဇင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်ဝစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ အ.ထ.က(၁)မြတ်ခရေခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါစကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ရီရီလွင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်မို့မို့ခိုင်ကလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစားစသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပါဝင်ဆွေးနွေးပေးသော ကျောင်းသား/ကျောင်းသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ထို့နောက်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့သော ကျောင်းသား/ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ပြသခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)