ပင်းတယ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဒေသပညာရေးမှူးရုံး အဆောက်အဦပန္နက်တင် မင်္ဂလာ အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တက်ရောက်ခဲ့ကြောင်း သိရသည်။ ပန္နက်တင် မင်္ဂလာအချိန်ကျရောက်သည်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးလွင်၊ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်တို့က သတ်မှတ်နေရာများတွင် ပန္ဒက်ရိုက်ကာအမွေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြ ကြောင်းသိရပြီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဆောက်အဦသစ်ဆောက်လုပ်ရန် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအဆောက်အဦအား ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ယွန်းပိုးသံစဉ်ကုမ္ပဏီမှ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ Rc နှစ်ထပ်ကို တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)