မိုးမောက်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေ ပေးအပ်ပွဲကျင်းပ

မိုးမောက် ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေပေးအပ်ပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီခန့်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အဆင့်ကျေးရွာ စီမံကိန်းကော်မတီဥက္ကဌ ဦးဇင်မောင်မောင်က ရန်ပုံငွေများ စနစ်တကျရှိရေး ကော်မတီ၀င်များကြီးကြပ်ရေးနှင့် လိုအပ်သည်များ မှာကြားပြီးနောက် စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်သော စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မည့် စီဟက်ကျေးရွာ၊ ဝက်ငင်းကျေးရွာများမှ ကော်မတီ၀င်များ ငါးလုပ်ငန်းမြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် မန်နောင် ကျေးရွာမှ ကော်မတီ၀င်များနှင့် မွေးမြူရေးမြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် (၇)မိုင် အောင်မြေကျေးရွာ ကော်မတီ၀င်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မွေး/ကု ဦးစီးဌာနတို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်မည့် ကျေးရွာမှကော်မတီ၀င်များနှင့် ချေးငွေစာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများကို မြို့နယ်အဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဌမှ စီဟက်ကျေးရွာကော်မတီအား စိုက်ပျိုးရေးမြစိမ်းရောင်ချေးငွေ ကျပ်သိန်း(၅၅၄)အား‌ ပေးအပ်ခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးတောက်ထွန်းမှ ဝက်ငင်းကျေးရွာ ကော်မတီအား စိုက်ပျိုးရေးမြစိမ်းရောင်ချေးငွေ ကျပ် သိန်း (၃၇၇)အားပေးအပ်ခြင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူးမှ (၇)မိုင်အောင်မြေကျေးရွာ ကော်မတီအား မွေးမြူရေးမြစိမ်းရောင်ချေးငွေ ကျပ်သိန်း(၆၀၀) အားပေးအပ်ခြင်း၊ ငါးမွေးမြူရေး လုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းမြစိမ်းရောင် ချေးငွေကျပ်သိန်း(၃၀၀) ပေးအပ်ရာ ကျေးရွာကော်မတီ ၀င်များအသီးသီးမှ လက်ခံရယူကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်