ကာလိ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းကောက်ယူရေး (Talk Show) ကို ယနေ့ နံနက်(၉)နာရီအချိန်က လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးနှင့် ပတ်သတ်၍ ဆောက်ရွက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ Onilne မှတဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကာလိရှေ့တန်းရုံး၊ ဒု-လဝကမှူး ဦးကောင်းဆက်စံက အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို စတင်ဆွေးနွေးပြီး ကွင်းဆင်းအဖွဲ့ဖွဲ့စည်းခြင်းအချက်(၃) ချက်၊ စာရင်းကောက်များ၏ တာဝန်အပိုင်း(၃)ပိုင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း စာရင်းကောက်များ တာဝန်ဖြစ်သည့် မိမိစာရင်းကောက်ယူမည့် အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံနှင့် မိသားစုဝင်များ၏ ကိုင်ဆောင်လက်မှတ်များအား အိမ်ရှင်များမှ ခေတ္တတောင်းယူ၍ ယူဆောင်လာသော အိမ်ထောင်စုလူဦးရေစာရင်းပါအချက်များနှင့် သေချာစွာတိုက်ဆိုင် စိစစ်ဖြည့်သွင်းရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိဂုံးချုပ်အနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုရာမှာ မှန်ကန်စေရေး မြေပြင်လူဦးရေကောက်ယူခြင်းအားပြုလုပ်နိုင်ရန်ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားပြီး ပြည်သူများ အားလုံးပူးပေါင်း ဆောင်ရွက်ပေးမှသာ အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online မှတဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ ဆက်)