မိုင်းယောင်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ရပ်/ကျေးစာရေးများအနေဖြင့် ရုံးဖွင့်ရက်များ တွင် သာမက ရုံးပိတ်ရက်များ ဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း လုပ်ငန်း လိုအပ်ချက်အရ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြသည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်ပေါင်း ၁၉ ရက်အတွက် တစ်ရက်ကို ၄၈၀၀ ကျပ်ဖြင့် စုစုပေါင်းငွေကျပ် (၉၁၂၀၀/-)ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေများ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယဦးစီးမှူးများဖြစ်ကြသည့် ဦးဟိန်းဇော်ဦး နှင့် ဦးသက်ခိုင်တို့က မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၂ အုပ်စုမှ ရပ်/ကျေးစာရေး ၂၂ ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀/-) ကိုးသောင်းတစ်ထောင့်နှစ်ရာကို ဝန်ထမ်းများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)